Friday, February 10, 2012

လမ်းစပျောက်သွားသော ခရီးသည်များ

ဖေဖေါ်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖါသား
ဇာတိနတ်မောက်မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင် ဇာနည်ဘွား
မိခင်ဒေါ်စုသား။

အောင်ဆန်းဇာတိ
အမိအဖ အတ္ထုပ္ပကို
နှုတ်က တဖွဖွ
ဆိုခဲ့ရသမို့
တမ်းတ အမြဲ
စိတ်ဝယ်စွဲခဲ့။

ယခုအခါ
ဖတ်စာထဲမှာ
မျိုးဇာတိပွား
စာကောင်းများကို
ခြစားပိုးတွေ
စားပစ်လေသမို့
မိုးမြေကမ္ဘာအောက်
အစပျောက်လေပြီ။

နောက်မှပေါ်လာ မြေဇာပင်များမှာ
သမိုင်းမသင် အမှန်မမြင်တော့
အမြင်ရွဲ့စောင်း အကောင်းမမြင်
အထင်နဲ့ရမ်း အကန်းပမာ
လမ်းမမြင်ရှာသမို့
ပန်းလဲ မ၀င်နိုင်ပါ။

လမ်းမွှာ လမ်းကောက်
လမ်းတွေပျောက်လို့
ချောက်ထဲရောက်ရှာ
မှောင်ကမ္ဘာမှာ ယောင်ချာချာသာ
ခရီးသွားနေရရှာ
ဘယ်သောခါမှ လမ်းမှန်ရောက်နိုင်စွ။

တက္ကသိုလ်ဘုန်းကြွယ်
ဖေဖေါ်ဝါရီ ၁၃ ၂၀၁၂
(ဗိုလ်ချုပ်မွေးနေ့အကြို)