Monday, September 24, 2012

"စစ်ပွဲ" ကို ရပ်








စစ်ပွဲဆိုတာ
လူသတ်ပွဲ

လူသတ်ပွဲကို မလိုတဲ့
ပြည်သူတွေက တောင်းဆိုသံ
"စစ်ပွဲ" ကို ရပ်။

တုတ်မပါ ဓားမပါ။
ဆဲတာ မပါ။
သူတို့တောင်းဆိုတာ "ငြိမ်းချမ်းရေး"
"လူသတ်ရေး" မဟုတ်ဘူး။

လူမသတ်စေချင်တဲ့ ပြည်သူ
လူသတ်ချင်နေသူရဲ့ အတုံ့အပြန်
ငြိမ်းချမ်းရေးတောင်းဆိုသူတွေကို
ဖမ်းမတဲ့။

ငြိမ်းချမ်းရေးကို ပြည်သူက လိုနေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက မလိုတာလဲ။
ငြိမ်းချမ်းရေးကို ပြည်သူက နားလည်နေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက နားမလည်တာလဲ။

စစ်သားတွေကို ရှေ့တန်းပို့တာ ဘယ်သူလဲ
စစ်သားတွေကို သေနတ်ပေးတာ ဘယ်သူလဲ
စစ်သားတွေကို ပစ်မိန့်ပေးတာ ဘယ်သူလဲ
ဘယ်သူ လူသတ်ချင်နေတာလဲ
သယ်သူ ငြိမ်းချမ်းရေးကို မလိုချင်တာလဲ
သွေးဆာနေတာ ဘယ်သူလဲ

ဒီလောက် သွေးဆာနေရင်
ကိုယ်တိုင်သေနတ်ထမ်းပြီး
ရှေ့တန်းထွက် ကျည်ဆံကြားမှာ သွားတိုက်ပါ ဗိုလ်ချုပ်
ကတုတ်ကျင်းထဲက သေမင်း ကျည်ဆံတွေကြား ကိုယ်တိုင် သွားပါ ဗိုလ်ချုပ်
မြေပြင် မိုင်းတောထဲ ခြေအပြတ်ခံ၊ လက်အပြတ်ခံ ကိုယ်တိုင် တောနင်းပါ ဗိုလ်ချုပ်
ဒါမှ မဟုတ် ညကလပ်မှာ ဘီယာထိုင်စုပ် နေတဲ့
ဗိုလ်ချုပ်သားကို စစ်ယူနီဖောင်းဝတ်
ရှေ့တန်းစစ်မျက်နှာထွက်ခိုင်းပြီး
ပြည်ချစ်သားကောင်းကြီး လုပ်ခိုင်းလိုက်ပါ ဗိုလ်ချုပ်
ခြေမွေးလက်မွေး မီးမလောင်တဲ့ ဗိုလ်ချုပ်သမီး
ရှေ့တန်းမှာ စစ်သားတွေပျော်ဖို့ ဖျော်ဖြေရေး ပို့လိုက်ပါ ဗိုလ်ချုပ်။

ခုတော့
မျက်နှာမွဲ စစ်သားတစ်ယောက်
လခလေး ၂ ပဲ ၆ ပြားအတွက်
အသက်ကို ပေးရမတဲ့။
ညီအစ်ကိုချင်း သတ်ရမတဲ့။
တရားတဲ့ အမိန့်လား။
ဘယ်သူသေသေ
ဘယ်သူပြတ်ပြတ်
တိုင်းပြည်မှာ
ဒုက္ခိတ တစ်ယောက်တိုးလာမယ်
မုဆိုးမ တိုးလာမယ်
အဖမဲ့ သားနဲ့သမီး တွေ တိုးလာမယ်။

(တွံတေးသား)။

Saturday, September 8, 2012

ထာဝရကုသိုလ်
----------------
အခါတပါး နတ်သားတပါးက
ဘုရားရှင်အား
လျှောက်ကြားမေးမြန်းဖူးပါသည်…။
အရှင်ဘုရား.....
တခါပြုထားပြီးရုံနဲ့
အမြဲတမ်းပုံပြီးရတဲ့ကုသိုလ်များ
ရှိပါသလား….တဲ့
ဘုရားရှင်က အကြောင်းတရား
လေးပါးတင်ပြီး ဟောကြားပေးတော်မူလိုက်၏။
(၁) ခရီးသွားများ ခိုနားဖို့ရာ
သစ်ပင်ပန်းမာလ် စိုက်ပျိုးလှူဒါန်းခြင်း။
(၂) ရွံ့ညွံရေပွက် သွားလာရေးအခက်ကို
ဖြည့်စွက်မြော်ထောက်
တံတားဆောက်၍လှူဒါန်းခြင်း။
(၃) လမ်းဆုံလမ်းမ လမ်းလေးခွမှာ
အေးမြကြည်လင် ရေအိုးစင်ကိုလည်းကောင်း
လူအများဆုံး သောက်သုံးနိုင်ရန်
ရေတွင်းရေကန် တူးဖေါ်လှူဒါန်း၍လည်းကောင်း
(၄) နေရန်ဇရပ် လေးမြတ်သိမ်ကျောင်း
စေတီပုထိုးကိုလှူ၍လည်းကောင်
အပေါင်းကြောင်းရာ စေတနာသုံးရပ်
ပြတ်ကြီးပြတ်၍ လေးမြတ်ကြည်ဖြူ
လှူဒါန်းကြပါလေကုန်…။
ဤသို့အထုံ တခါလှူရုံနှင့်
ကုသိုတွေင်္ပု မကုန်အကျိုး မြဲစဉ်တိုးပြီး
ဖွံ့ဖြိုးထ၀ရ ကုသိုလ်ရ
ထာဝရ ကုသိုလ် ခေါ်ဆိုပ….။
မျိုးမြင့်အောင်လံ၏ထ၀ရကုသိုလ်ဆောင်းပါးကို
ကဗျာဖွဲ့ဆိုပါသည်…။
---------------------------
တက္တသိုလ်ဘုန်းကြွယ်
(စက်တင်ဘာ ၆ ၂၀၁၂)

Saturday, September 1, 2012

မတူရင် မတုနဲ့

 
မတူရင် မတုနဲ့


သူမဟာ....
မေတ္တာတရား ရှေးရှုထားပြီး
မုန်းမာန်မပွါး လွန်ရိုးသားကာ
သဘောထားကြီးပြီး စိတ်ရိုင်းမဝင်
ခွင့်လွှတ်ခြင်းနဲ့ ရန်မပွါးတတ်သူ။
သူမဟာ....
ဘဝကိုရင်း၍ ပေးဆပ်ခြင်းနဲ့
တိုင်းပြည်အတွက်
ထမ်းရွက်တာဝန် ကျေကျေပြွန်ပြွန်။
သူမဟာ....
စိတ်နေသဘောထား ရိုးဖြောင့်စင်းကာ
တည်ကြည်ခန့်ညား
ယုံကြည်ရာပန်းတိုင်ဆီသို့်
မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓါတ်ဖြင့်
ရှေ့ရှုလျှောက်လှမ်း
လုံးလဝိရိယ ဇွဲမာန်ကြီးတဲ့
အာဂဇာနည် ဒေါ်အောင်ဆန်းစုကြည်။
သူမဟာ....သူမရဲ့
ခံယူချက်နဲ့ ဦးတည်ချက်ကို
စွဲမြဲယုံကြည် နောက်မတွန့်
ကြောက်ရွံ့သူမဟုတ်လို့
သူမရဲ့ သတ္တိနဲ့ ရိုးသားတဲ့ ဂုဏ်ဒြပ်ကို
ကျနော်....ရိုးရိုးစင်းစင်းလေးပဲပြောလိုက်မယ်
မတူရင် မတုနဲ့..။

( ကိုဗလိုင် )
by Ko Baloi on Saturday, 18 August 2012 at 23:09 ·