Monday, July 30, 2012

လူစိမ်းကား (မင်းကိုနိုင်)


 
လူစိမ်းကား (မင်းကိုနိုင်)

အဖေရေ အမေရေ

ခေါ်နေပေမဲ့ ပြန်မထူးကြ

သြော် နံရံက ထူလှတာကိုး


မြေသား ကမ္ဗလာ

မြင်သာမြင်ရ

ခြေတဖ၀ါးစာ နင်းခွင့်မရခဲ့

သြော် သံတိုင်က ခိုင်လှတာကိုး


သူငယ်ချင်းရေ

ခေါ်ချင်ပေမဲ့ ခေါ်လို့မရ

ဂိတ်တံခါးတွေ ပိတ်ထားတာကိုး


ဒီလိုနဲ့

နံရံထူလို့ အသဲမာလိုက်ရ

သံတိုင်ခိုင်လို့ အသဲမာလိုက်ရ

ဂိတ်တံခါးပိတ်လို့ အသဲမာလိုက်ရ


ချစ်သူရေ ....မင်းက

မလွှဲသာ အသဲမာလိုက်ရသူကို

လူစိမ်းကားလို့ ထင်ရက်ပ။


မင်းကိုနိုင်

Saturday, July 21, 2012

ပြင်စည်အောင်
( စာပေဗိမာန် ကဗျာ ပထမ ဆုရကဗျာ )