ကျနော်ဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်စုကြည်ရဲ့ ပုံ


ဒီပန်းချီကားဟာ နယူးဇီလန်န်ုင်ငံ အော့က်ကလန်မြို့ ရှိ (Selwyn College Community Education)ဆယ်လ်ဝင်ကောလိပ်မှာရှိတဲ့ တခြားနိုင်ငံတွေကနေ လာရောက်အခြေချနေထိုင်သူများအတွက် ဖွင့်လှစ်ပေးထားတဲ့ (English)ဘာသာစကားသင်တဲ့ကျောင်းနံရံမှာ ကပ်ထားတဲ့ ပန်းချီကားဖြစ်ပါတယ်။
ဒီပန်းချီကားကို ကျောင်းမှာတက်နေတဲ့ လူမျိုးပေါင်းစုံကနေ မိမိတို့ ရဲ့ နိုင်ငံ၊ လူမျိုး၊ ဘာဘာ၊ ယဉ်ကျေးမှု၊ အဆောက်အဦး အစရှိတဲ့ မိမိတို့ နှစ်သက်ရာတွေကို ကိုယ်ဆွဲတတ်သလောက် ပါဝင်ရေးဆွဲထားကြတာဖြစ်ပါတယ်။ နောက်ဆုံးမှာ ပန်းချီဆရာတဦးက အချောသပ် ရေးဆွဲပါတယ်။ ကျနော်ကတော့ ကျနော် လေးစားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်စုကြည်ပုံကို ရေးဆွဲခဲ့ပါတယ်။ ဒီပန်းချီကားကို ၂၀၀၉ ခုနှစ်မှာ အခမ်းအနားနဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။



တင်ဇော်မိုး