Saturday, June 26, 2010

အောင်ဆန်းစုကြည်


အောင်စေကြောင်း တောင်းစုချွေ
ဆန်း
စ၀ဿန် မြန်ပြည်တ၀ှမ်းမလေ

စု
မွေးနေ့ ဒီချိန်အခါ ဇွန်လပေ

ကြည်
လင်အေးမြ ဘေးဘယာ ဝေးကွာစေ။
တင်ဇော်မိုး (နယူးဇီလန်)
၁၉ ဇွန် ၂၀၁၀
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ 
(၆၅)နှစ်ပြည့်မွေးနေ့ အမှတ်တရ

" စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲစမယ်"
ငါတို့ကိုများ အကြမ်းဖက်သမားတဲ့
ထားလိုက်ပါတော့

ကျောင်းသားတွေဘ၀ကနေ သေနတ်ကိုင်လာကြတာ

ဒီလိုတွေ ဘာကြောင့်ဖြစ်လာခဲ့တာလဲ
..။
ငါတို့ ကြမ်းတမ်းချင်ကြမ်းတမ်းလာလိမ့်မယ်
ရိုင်းစိုင်းချင်ရိုင်းစိုင်းလာလိမ့်မယ်
ငါတို့အစွန်းရောက်ချင်ရောက်မယ်
ဒါပေမယ့် ငါတို့ မဖောက်ပြန်ဘူး
ငါတို့ တော်လှန်ရေုးကို ကျောခိုင်းမသွားဘူး
ငါတို့ဟာ တော်လှန်ရေးကိုပြ လုပ်စားနေသူတွေမဟုတ်ဘူး
ငါတို့ဟာ ဗမာပြည်ပြည်သူတွေအတွက်
စစ်အာဏာရှင်စနစ်ကျဆုံးရေး ကြွေးကြော်သံနဲ့
နာနာကျည်းကျည်း
ထိထိရောက်ရောက်
ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေသူတွေပဲ ဖြစ်တယ်..။