Saturday, June 26, 2010

" စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲစမယ်"
ငါတို့ကိုများ အကြမ်းဖက်သမားတဲ့
ထားလိုက်ပါတော့

ကျောင်းသားတွေဘ၀ကနေ သေနတ်ကိုင်လာကြတာ

ဒီလိုတွေ ဘာကြောင့်ဖြစ်လာခဲ့တာလဲ
..။
ငါတို့ ကြမ်းတမ်းချင်ကြမ်းတမ်းလာလိမ့်မယ်
ရိုင်းစိုင်းချင်ရိုင်းစိုင်းလာလိမ့်မယ်
ငါတို့အစွန်းရောက်ချင်ရောက်မယ်
ဒါပေမယ့် ငါတို့ မဖောက်ပြန်ဘူး
ငါတို့ တော်လှန်ရေုးကို ကျောခိုင်းမသွားဘူး
ငါတို့ဟာ တော်လှန်ရေးကိုပြ လုပ်စားနေသူတွေမဟုတ်ဘူး
ငါတို့ဟာ ဗမာပြည်ပြည်သူတွေအတွက်
စစ်အာဏာရှင်စနစ်ကျဆုံးရေး ကြွေးကြော်သံနဲ့
နာနာကျည်းကျည်း
ထိထိရောက်ရောက်
ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေသူတွေပဲ ဖြစ်တယ်..။
စစ်အာဏာရှင်တွေက ရန်ငါစည်းပြတ်တယ်
ရဟန်း
ကျောင်းသားမိန်းမကလေး
လူပုဂ္ဂိုလ်မရွေး

ကြမ်းဖို့

ဖမ်းဖို့

သတ်ဖို့ဝန်မလေးဘူး

အချိန်မရွေုးဘူး
နေရာမရွေးဘူး
ငါတို့ပြည်သူတွေ နှစ်ပေါင်းများစွာ အကြမ်းဖက်ခံလာရပြီးသား
ဗမာပြည်ကြီးက ပြည်တွင်းစစ်ဖြစ်နေတာပါ.
ထပ်ပြောမယ်ဗမာပြည်က ပြည်တွင်းစစ်ဖြစ်နေတာ
ငါတို့ပြည်သူတွေ
ထမင်းဝအောင်မစားနိုင်ကြဘူး
ကလေးတွေကျောင်းမထားနိုင်ဘူး
ဆေးကုဖို့ပိုက်ဆံမရှိဘူး
လိုင်းကားမလုံလောက်ဘူး
လျှပ်စစ်မီးမရဘူး
သောက်စရာရေတောင် ရှားပါးလာပြီ
သံလမ်းကြေးမီးကင်းကြေး ဘာကြေးညာကြေးတွေလဲများ
လုပ်အားပေးဆိုပြီးခေါ်မှာလဲကြောက်ရ
ပေါ်တာဆွဲမှာလဲကြောက်ရ
ကလေးတွေ စစ်သားစုဆောင်းခံရမှာလဲကြောက်ရ
စစ်တပ်က မတရားဖမ်းဆီးရင်လဲခံရ
မုဒိန်းကျင့်ရင်လဲခံရ
ဓါးပြတိုက်သလို လုယက်တာမှန်သမျှလဲခံရ
ပြည်သူတွေဘ၀က
မြေဇာပင် မဖြစ်ခင်ထဲက ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီ……..။
ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရင်း
ရက်ရက်စက်စက်ပစ်သတ်ခံ ကျဆုံးခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ……
စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲက
ညှင်းပန်းနှိပ်စက်မှုမျိုးစုံကြောင့် ကျဆုံးခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ……..
တောတောင်တွေထဲမှာ ဒုက္ခမျိုးစုံခံရင်း
ပင်ပန်းဆင်းရဲမှုများစွာနဲ့ သေဆုံး ၊ ကျဆုံးခဲ့ရသူတွေရဲ့ ၀ိဥာဉ်တွေ……
မိသားစုတွေနဲ့ သေကွဲ ရှင်ကွဲ လမ်းခွဲခဲ့ရတဲ့ဘ၀တွေ………
မျက်ရည်တွေ……..
ငြီးတွားသံတွေ……….
ကြိမ်းဝါးသံတွေ
……….

အရာအားလုံးက ငါတို့ပြုပြင်ပြောင်းလဲဖို့
နည်းလမ်းစုံသုံးတိုက်ပွဲဝင်ဖို့ တောင်းဆိုနေကြတယ်
စစ်ရေးအရ တန်းတူဖြစ်အောင်မလုပ်နိုင်ရင်
တွေ့ဆုံဆွေးနွေးရေးဆိုတာတောင် ဖြစ်လာမှာမဟုတ်ဘူး
အနိဋ္ဌာရုံတွေကွယ်ပျောက်ဖို့
စစ်ကိုစစ်နဲ့ပဲအဆုံးသတ်နိုင်မယ်
စစ်ပွဲရှိရင် ဘေးထွက်ဆိုးကျိုးရှိမယ်
သေနတ်ပစ်တမ်း
လိုက်တမ်းပုန်းတမ်း ကစားနေကြတာမဟုတ်ဘူး
အပြစ်ရှိတဲ့ ပြည်သူယောင်ဆောင်နေသူတွေရော
အပြစ်မဲ့ ပြည်သူတွေရော
အနည်းနဲ့အများတော့ ထိခိုက်မှာပဲ
စစ်ပွဲကြာလေ တိုင်းပြည်နာလေပဲ
အကြောက်တရားတွေနဲ့ စစ်ကျွန်ဘ၀မှာနေမလား
ရရာလက်နက်ကိုင်စွဲ အဆုံးသတ်စစ်ပွဲဆင်နွှဲမလား
(ခေတ်သမိုင်းကိုက တောင်းဆိုနေပြီ)
ပြတ်သားတဲ့သူတွေ့ ငါတို့လက်တွဲမယ်
သွေးကြောင်ရင် (ရိုးရိုးသားသား) ဘေးရှောင်နေလိုက်
မဝေဖန်နဲ့
ရန်သူ့အကြိုက်လိုက်မပြောနဲ့
မဟာမိတ်မူမဖျက်နဲ့
ငါတို့အတွက် စစ်အာဏာရှင်တွေနဲ့ ဒေါက်တိုင်သုတ်သင်ရေးစစ်ပွဲ
နေရာတိုင်းမှာရှိမယ်……….။
မောင်ကျောင်းသား

No comments:

Post a Comment