Sunday, April 14, 2013

တခုသော သင်္ကြန်ခါ

လာလာလေ… လိုက်ခဲ့တော့…
တို့စရိုက် တို့ဘာသာ
နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့
ကစားကာ ရေကြည်ကြည်နဲ့
ပီပေသည် မြန်မာမျိုးကိုလ
တိုးဆင့်၍ ချစ်ခဲ့တာ
…လာဟေ့ … လာဟေ့…
ဘုရားကုန်းက၊ တအုန်းအုန်းနဲ့ တရုန်းရုန်းလာကြ
ဘယ်နှာဘာလိမ့်
ထိန့်လိုက်တဲ့အိုးစည်၊ နှဲကလည်းပီသနဲ့
သီသူက သီကြ၊ ကသူက ကလာ
နွားကြီးလည်းပါသဟေ့
ကျောပေါ်က ကော်ဇော၊ အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသားဝင်လိုက်ရ
ရွှင်လိုက်မည့်ဖြစ်ခြင်း
ဝဋ်မကင်းသူကိုဖြင့်
လွှတ်ခြင်းမှာ ၀ါသနာပါတဲ့
ရွှေမြန်မာ သည်မျိုးမှာလ
အကျိုးသည်လိုတူလိုက်ပါ့
ရွှေမဉ္ဖူ နှုတ်ချိုခွန်းရယ်နဲ့
သွန်းလိုက်မိပါ။
…နှစ်သစ်ကူးတဲ့ တန်ခူးခါမှာ
ဒါနက တဝေေ၀၊ ရေတွေက တရွှဲရွှဲ
ပျော်ပွဲက တ၀င့်ဝင့်၊ ကဲလို့သာ ဆင့်ရော့
အရွယ်သင့်၊ အရွယ်ငယ်
မြန်မာတွေ ထယ်လိုက်ကြ
ဘယ်မြေဟာ စေတီပေါမလဲ
ဘယ်မြေဟာ အပျော်ကျောမလဲ
စိတ်ဇော မြန်မာမှာဖြင့်
သံသရာ ဂရုထားသူမို့
ပါးလိုက်ကြ ပျော်ပျော်သာ
အခါက နှစ်ဆန်း
…လကလည်းရွှင်လန်း
ရွက်ဟောင်းကြကြွေ၊ ရွက်သစ်ကယ်ဝေ
လေပြေဖျန်းပြန်တော့
လွမ်းစရာပေါ့…။
ဥသြငယ်…သာ
ပင်မြင့်မှာ သံဝါ၀ါနဲ့
သင်္ကြန်ခါ သူကညှင်းလေတော့
မလေးမောင် အောင်ဆန်းလင်း ဆီသို့
သီချင်းသူဝင်လာ၍
ဖြူဆင်စွာ ဂူဆင်၍သာပါ့
အောင်းမေ့ရွင်လန်း…။ ။

ဇော်ဂျီ

No comments:

Post a Comment