Sunday, April 14, 2013
Sunday, October 7, 2012
လူငယ့်ကြေးမုံ-၃
လူငယ့်ကြေးမုံ-၃
လူငယ်တိုင်းမှာသမိုင်းရှိတယ်။ အတ္ထုပ္ပတ္တိရှိတယ်။ ကိုယ့်သမိုင်းကိုယ် မှဲ့စွန်းမှဲ့ပြောက်အထင်မခံ ရဘူး။
သန့်စင်အောင် အမြဲပွတ်တိုက်ဆေးကြောရမယ်။ သမိုင်းမှာအစွန်းထင်မိရင် တော်တော်နဲ့မပျောက်။
ကြောက်စရာအလွန်ကောင်းတယ်။
လူငယ်တိုင်းမှာသမိုင်းရှိတယ
သန့်စင်အောင် အမြဲပွတ်တိုက်ဆေးကြောရမယ်။ သမိုင်းမှာအစွန်းထင်မိရင် တော်တော်နဲ့မပျောက်။
ကြောက်စရာအလွန်ကောင်းတယ်။
ဒါကြောင့် ကိုယ့်သမိုင်းကိုဖွပ်ပါ…။ လျော်ပါ…။ သန့်စင်ပါစေ…။
‘သတိ’သည်‘ဆား’၊ ‘ကဗျာ’သည်‘ပျား’တဲ့…။ အမှားကင်းအောင်နေပါလေ။
စိတ်ဓါတ်ခွန်အားတိုးပွားအော င် အတ္ထုပ္ပတ္တိစာတွေ များများဖတ်ပေးဖို့လိုမယ်။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထု ပ္ပတ္တိဖတ်ရရင် ရိုးသားခြင်းက ထင်းထင်းပေါ်တယ်။ ဖြောင့်မတ်တာကိုတွေ့ရမယ်။ ကိုယ်ကျိုးမကြည့်၊ အများအကျိုးကိုကြည့်တတ်တာကိုသိရမယ်။ စံနမူနာယူစရာဖြစ်ရပ်တွေကို အမှတ်ရရဖြစ် နေမယ်။
တချို့ဆိုရင် ‘ဂျာနယ်ကျော်မမလေး’ရေးတဲ့ ‘သူလိုလူ’ကိုဖတ်မိလို့ သတင်းစာဆရာ၊ စာရေးဆရာ ‘ဂျာနယ် ကျော်ဦးချစ်မောင်’ကိုအားကျ မိ၊ စံထားမိတယ်။ သူလိုစိတ်ဓါတ်မျိုးကို လေးမြတ်ကြည်ညိုမိတယ်။
‘ဗန်းမော်တင်အောင်’တို့၊ အခုအကျဉ်းစံသတင်းစာဆရာကြီး‘ ဦးတင်းဝင်’တို့ဟာ ‘ဂျာနယ်ကျော်ဦးချစ် မောင်’ကို အားပြုခဲ့တဲ့ပုဂ္ဂိုလ်တွေပါ။ ကောင်းတာတွေအတုယူတော့ ကောင်းတဲ့စိတ်ဓါတ်တွေကူးစက် တယ်။ ကောင်းတဲ့အကျင့်စာရိတ္တကို အားကျမွေးမြူမိတယ်။
‘ဦးနေ၀င်း’အတ္ထုပ္ပတ္တိကို ဒေါက်တာမောင်မောင်ကရေးခဲ့တယ်။ စိတ်ဝင်တစားဖတ်ကြည့်မိပါတယ် ။ ဆောင် ရန်မဟုတ်။ ရှောင်ရန်သင်ခန်းစာတွေရခဲ့တ ယ်။သူ့ရဲ့မကောင်းတဲ့စရိုက်ဆိုးတွေ ရုပ်လုံးပေါ်နေတာမြင်ရတယ်။
စာရေးသူ‘ဒေါက်တာမောင်မောင်’ ကတော့ ကုဋ္ဌနူနာကိုရွှေချ၊ သနပ်ခါးလူးပေးတာပဲ။
ဒါပေမဲ့ပင်ကိုယ်ကပုပ်နေလေတော့ ညှီစို့စို့ပုပ်အဲ့အဲ့အနံ့က မပျောက်။ အဲဒီအတ္ထုပ္ပတ္တိကတော့ စံပြုစရာ အတ္ထုပ္ပတ္တိမဟုတ်။ ဝေးဝေးကရှောင်ရမဲ့ သရုပ်ဆောင်ဇာတ်ကောင်တွေဖြစ် တယ်။
အတ္ထုပ္ပတ္တိတွေဖတ်ရတာကောင်းတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို ဝေဖန်စဉ်းစားချင့်ချိန်နိုင်တယ်။
‘မာန်ဝင်ကာ အလှဂုဏ်ကိုးသူရဲ
အန်ချင်စရာ ငါ့ပုံကဆိုးရော့သလား’တဲ့…။
(ဦးဖိုးစိန်ကြီးရဲ့မင်းကုသ ငိုချင်းမှ)
တင်မိုး
၁၅-၀၁-၂၀၀၃
(၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၁ မှ)
‘သတိ’သည်‘ဆား’၊ ‘ကဗျာ’သည်‘ပျား’တဲ့…။ အမှားကင်းအောင်နေပါလေ။
စိတ်ဓါတ်ခွန်အားတိုးပွားအော
ဗိုလ်ချုပ်အောင်ဆန်းအတ္ထု ပ္ပတ္တိဖတ်ရရင် ရိုးသားခြင်းက ထင်းထင်းပေါ်တယ်။ ဖြောင့်မတ်တာကိုတွေ့ရမယ်။ ကိုယ်ကျိုးမကြည့်၊ အများအကျိုးကိုကြည့်တတ်တာကိ
တချို့ဆိုရင် ‘ဂျာနယ်ကျော်မမလေး’ရေးတဲ့ ‘သူလိုလူ’ကိုဖတ်မိလို့ သတင်းစာဆရာ၊ စာရေးဆရာ ‘ဂျာနယ် ကျော်ဦးချစ်မောင်’ကိုအားကျ
‘ဗန်းမော်တင်အောင်’တို့၊ အခုအကျဉ်းစံသတင်းစာဆရာကြီး‘
‘ဦးနေ၀င်း’အတ္ထုပ္ပတ္တိကို ဒေါက်တာမောင်မောင်ကရေးခဲ့တယ
စာရေးသူ‘ဒေါက်တာမောင်မောင်’
ဒါပေမဲ့ပင်ကိုယ်ကပုပ်နေလေတေ
အတ္ထုပ္ပတ္တိတွေဖတ်ရတာကောင်းတယ
‘မာန်ဝင်ကာ အလှဂုဏ်ကိုးသူရဲ
အန်ချင်စရာ ငါ့ပုံကဆိုးရော့သလား’တဲ့…။
(ဦးဖိုးစိန်ကြီးရဲ့မင်းကုသ
တင်မိုး
၁၅-၀၁-၂၀၀၃
(၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၁ မှ)
Monday, September 24, 2012
"စစ်ပွဲ" ကို ရပ်
စစ်ပွဲဆိုတာ
လူသတ်ပွဲ
လူသတ်ပွဲကို မလိုတဲ့
ပြည်သူတွေက တောင်းဆိုသံ
"စစ်ပွဲ" ကို ရပ်။
တုတ်မပါ ဓားမပါ။
ဆဲတာ မပါ။
သူတို့တောင်းဆိုတာ "ငြိမ်းချမ်းရေး"
"လူသတ်ရေး" မဟုတ်ဘူး။
လူမသတ်စေချင်တဲ့ ပြည်သူ
လူသတ်ချင်နေသူရဲ့ အတုံ့အပြန်
ငြိမ်းချမ်းရေးတောင်းဆိုသူေ
ဖမ်းမတဲ့။
ငြိမ်းချမ်းရေးကို ပြည်သူက လိုနေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက မလိုတာလဲ။
ငြိမ်းချမ်းရေးကို ပြည်သူက နားလည်နေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက နားမလည်တာလဲ။
စစ်သားတွေကို ရှေ့တန်းပို့တာ ဘယ်သူလဲ
စစ်သားတွေကို သေနတ်ပေးတာ ဘယ်သူလဲ
စစ်သားတွေကို ပစ်မိန့်ပေးတာ ဘယ်သူလဲ
ဘယ်သူ လူသတ်ချင်နေတာလဲ
သယ်သူ ငြိမ်းချမ်းရေးကို မလိုချင်တာလဲ
သွေးဆာနေတာ ဘယ်သူလဲ
ဒီလောက် သွေးဆာနေရင်
ကိုယ်တိုင်သေနတ်ထမ်းပြီး
ရှေ့တန်းထွက် ကျည်ဆံကြားမှာ သွားတိုက်ပါ ဗိုလ်ချုပ်
ကတုတ်ကျင်းထဲက သေမင်း ကျည်ဆံတွေကြား ကိုယ်တိုင် သွားပါ ဗိုလ်ချုပ်
မြေပြင် မိုင်းတောထဲ ခြေအပြတ်ခံ၊ လက်အပြတ်ခံ ကိုယ်တိုင် တောနင်းပါ ဗိုလ်ချုပ်
ဒါမှ မဟုတ် ညကလပ်မှာ ဘီယာထိုင်စုပ် နေတဲ့
ဗိုလ်ချုပ်သားကို စစ်ယူနီဖောင်းဝတ်
ရှေ့တန်းစစ်မျက်နှာထွက်ခိုင
ပြည်ချစ်သားကောင်းကြီး လုပ်ခိုင်းလိုက်ပါ ဗိုလ်ချုပ်
ခြေမွေးလက်မွေး မီးမလောင်တဲ့ ဗိုလ်ချုပ်သမီး
ရှေ့တန်းမှာ စစ်သားတွေပျော်ဖို့ ဖျော်ဖြေရေး ပို့လိုက်ပါ ဗိုလ်ချုပ်။
ခုတော့
မျက်နှာမွဲ စစ်သားတစ်ယောက်
လခလေး ၂ ပဲ ၆ ပြားအတွက်
အသက်ကို ပေးရမတဲ့။
ညီအစ်ကိုချင်း သတ်ရမတဲ့။
တရားတဲ့ အမိန့်လား။
ဘယ်သူသေသေ
ဘယ်သူပြတ်ပြတ်
တိုင်းပြည်မှာ
ဒုက္ခိတ တစ်ယောက်တိုးလာမယ်
မုဆိုးမ တိုးလာမယ်
အဖမဲ့ သားနဲ့သမီး တွေ တိုးလာမယ်။
(တွံတေးသား)။
Saturday, September 8, 2012
ထာဝရကုသိုလ်
----------------
အခါတပါး နတ်သားတပါးက
ဘုရားရှင်အား
လျှောက်ကြားမေးမြန်းဖူးပါသည်…။
----------------
အခါတပါး နတ်သားတပါးက
ဘုရားရှင်အား
လျှောက်ကြားမေးမြန်းဖူးပါသည
အရှင်ဘုရား.....
တခါပြုထားပြီးရုံနဲ့
အမြဲတမ်းပုံပြီးရတဲ့ကုသိုလ် များ
ရှိပါသလား….တဲ့
ဘုရားရှင်က အကြောင်းတရား
လေးပါးတင်ပြီး ဟောကြားပေးတော်မူလိုက်၏။
(၁) ခရီးသွားများ ခိုနားဖို့ရာ
သစ်ပင်ပန်းမာလ် စိုက်ပျိုးလှူဒါန်းခြင်း။
(၂) ရွံ့ညွံရေပွက် သွားလာရေးအခက်ကို
ဖြည့်စွက်မြော်ထောက်
တံတားဆောက်၍လှူဒါန်းခြင်း။
(၃) လမ်းဆုံလမ်းမ လမ်းလေးခွမှာ
အေးမြကြည်လင် ရေအိုးစင်ကိုလည်းကောင်း
လူအများဆုံး သောက်သုံးနိုင်ရန်
ရေတွင်းရေကန် တူးဖေါ်လှူဒါန်း၍လည်းကောင်း
(၄) နေရန်ဇရပ် လေးမြတ်သိမ်ကျောင်း
စေတီပုထိုးကိုလှူ၍လည်းကောင်း
အပေါင်းကြောင်းရာ စေတနာသုံးရပ်
ပြတ်ကြီးပြတ်၍ လေးမြတ်ကြည်ဖြူ
လှူဒါန်းကြပါလေကုန်…။
ဤသို့အထုံ တခါလှူရုံနှင့်
ကုသိုတွေင်္ပု မကုန်အကျိုး မြဲစဉ်တိုးပြီး
ဖွံ့ဖြိုးထ၀ရ ကုသိုလ်ရ
ထာဝရ ကုသိုလ် ခေါ်ဆိုပ….။
မျိုးမြင့်အောင်လံ၏ထ၀ရကုသို လ်ဆောင်းပါးကို
ကဗျာဖွဲ့ဆိုပါသည်…။
-------------------------- -
တက္တသိုလ်ဘုန်းကြွယ်
(စက်တင်ဘာ ၆ ၂၀၁၂)
တခါပြုထားပြီးရုံနဲ့
အမြဲတမ်းပုံပြီးရတဲ့ကုသိုလ်
ရှိပါသလား….တဲ့
ဘုရားရှင်က အကြောင်းတရား
လေးပါးတင်ပြီး ဟောကြားပေးတော်မူလိုက်၏။
(၁) ခရီးသွားများ ခိုနားဖို့ရာ
သစ်ပင်ပန်းမာလ် စိုက်ပျိုးလှူဒါန်းခြင်း။
(၂) ရွံ့ညွံရေပွက် သွားလာရေးအခက်ကို
ဖြည့်စွက်မြော်ထောက်
တံတားဆောက်၍လှူဒါန်းခြင်း။
(၃) လမ်းဆုံလမ်းမ လမ်းလေးခွမှာ
အေးမြကြည်လင် ရေအိုးစင်ကိုလည်းကောင်း
လူအများဆုံး သောက်သုံးနိုင်ရန်
ရေတွင်းရေကန် တူးဖေါ်လှူဒါန်း၍လည်းကောင်း
(၄) နေရန်ဇရပ် လေးမြတ်သိမ်ကျောင်း
စေတီပုထိုးကိုလှူ၍လည်းကောင်
အပေါင်းကြောင်းရာ စေတနာသုံးရပ်
ပြတ်ကြီးပြတ်၍ လေးမြတ်ကြည်ဖြူ
လှူဒါန်းကြပါလေကုန်…။
ဤသို့အထုံ တခါလှူရုံနှင့်
ကုသိုတွေင်္ပု မကုန်အကျိုး မြဲစဉ်တိုးပြီး
ဖွံ့ဖြိုးထ၀ရ ကုသိုလ်ရ
ထာဝရ ကုသိုလ် ခေါ်ဆိုပ….။
မျိုးမြင့်အောင်လံ၏ထ၀ရကုသို
ကဗျာဖွဲ့ဆိုပါသည်…။
--------------------------
တက္တသိုလ်ဘုန်းကြွယ်
(စက်တင်ဘာ ၆ ၂၀၁၂)
Saturday, September 1, 2012
မတူရင် မတုနဲ့
သူမဟာ....
မေတ္တာတရား ရှေးရှုထားပြီး
မုန်းမာန်မပွါး လွန်ရိုးသားကာ
သဘောထားကြီးပြီး စိတ်ရိုင်းမဝင်
ခွင့်လွှတ်ခြင်းနဲ့ ရန်မပွါးတတ်သူ။
သူမဟာ....
ဘဝကိုရင်း၍ ပေးဆပ်ခြင်းနဲ့
တိုင်းပြည်အတွက်
ထမ်းရွက်တာဝန် ကျေကျေပြွန်ပြွန်။
သူမဟာ....
စိတ်နေသဘောထား ရိုးဖြောင့်စင်းကာ
တည်ကြည်ခန့်ညား
ယုံကြည်ရာပန်းတိုင်ဆီသို့်
မယိုင်မလဲ ခိုင်မြဲတဲ့စိတ်ဓါတ်ဖြင့်
ရှေ့ရှုလျှောက်လှမ်း
လုံးလဝိရိယ ဇွဲမာန်ကြီးတဲ့
အာဂဇာနည် ဒေါ်အောင်ဆန်းစုကြည်။
သူမဟာ....သူမရဲ့
ခံယူချက်နဲ့ ဦးတည်ချက်ကို
စွဲမြဲယုံကြည် နောက်မတွန့်
ကြောက်ရွံ့သူမဟုတ်လို့
သူမရဲ့ သတ္တိနဲ့ ရိုးသားတဲ့ ဂုဏ်ဒြပ်ကို
ကျနော်....ရိုးရိုးစင်းစင်းလေးပဲပြောလိုက်မယ်
မတူရင် မတုနဲ့..။
( ကိုဗလိုင် )
by Ko Baloi on Saturday, 18 August 2012 at 23:09 ·
Thursday, August 30, 2012
တို့ဘိုးဘွားမွေ
အနောက်စည်းရိုး ငါတို့အမျိုး
တို့ဘိုးဘွားမွေ ငါတို့မြေကို
ငါတို့အရိုး စည်းရိုးထိုးရျွ်
ကာသင့်ပါလျှင် ကာရပေမည်.။
တို့ဘိုးဘွားမွေ ငါတို့မြေကို
ငါတို့အရိုး စည်းရိုးထိုးရျွ်
ကာသင့်ပါလျှင် ကာရပေမည်.။
by: Kate Dizzel
Monday, July 30, 2012
လူစိမ်းကား (မင်းကိုနိုင်)
လူစိမ်းကား (မင်းကိုနိုင်)
အဖေရေ အမေရေ
ခေါ်နေပေမဲ့ ပြန်မထူးကြ
သြော် နံရံက ထူလှတာကိုး
မြေသား ကမ္ဗလာ
မြင်သာမြင်ရ
ခြေတဖ၀ါးစာ နင်းခွင့်မရခဲ့
သြော် သံတိုင်က ခိုင်လှတာကိုး
သူငယ်ချင်းရေ
ခေါ်ချင်ပေမဲ့ ခေါ်လို့မရ
ဂိတ်တံခါးတွေ ပိတ်ထားတာကိုး
ဒီလိုနဲ့
နံရံထူလို့ အသဲမာလိုက်ရ
သံတိုင်ခိုင်လို့ အသဲမာလိုက်ရ
ဂိတ်တံခါးပိတ်လို့ အသဲမာလိုက်ရ
ချစ်သူရေ ....မင်းက
မလွှဲသာ အသဲမာလိုက်ရသူကို
လူစိမ်းကားလို့ ထင်ရက်ပ။
မင်းကိုနိုင်
by: မင်းကိုနိုင်
Thursday, July 26, 2012
Saturday, July 21, 2012
Friday, June 29, 2012
Saturday, April 28, 2012
Saturday, April 21, 2012
“မင်းတကိုယ်ထဲလျှောက်ပေတော့ ”
“မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့”။
”ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတေ
“တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့”။
“မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့”။
တဂိုးရဲ့ ကဗျာ......
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။
by: Hlaing Hlaing Htun
Friday, April 20, 2012
ပန်းပိတောက်မင်း
=========
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖန်လ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း။
(ဦးကြော့)
=========
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖန်လ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။
တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။
မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း။
(ဦးကြော့)
Friday, March 9, 2012
Friday, February 10, 2012
လမ်းစပျောက်သွားသော ခရီးသည်များ
ဖေဖေါ်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖါသား
ဇာတိနတ်မောက်မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင် ဇာနည်ဘွား
မိခင်ဒေါ်စုသား။
အောင်ဆန်းဇာတိ
အမိအဖ အတ္ထုပ္ပကို
နှုတ်က တဖွဖွ
ဆိုခဲ့ရသမို့
တမ်းတ အမြဲ
စိတ်ဝယ်စွဲခဲ့။
ယခုအခါ
ဖတ်စာထဲမှာ
မျိုးဇာတိပွား
စာကောင်းများကို
ခြစားပိုးတွေ
စားပစ်လေသမို့
မိုးမြေကမ္ဘာအောက်
အစပျောက်လေပြီ။
နောက်မှပေါ်လာ မြေဇာပင်များမှာ
သမိုင်းမသင် အမှန်မမြင်တော့
အမြင်ရွဲ့စောင်း အကောင်းမမြင်
အထင်နဲ့ရမ်း အကန်းပမာ
လမ်းမမြင်ရှာသမို့
ပန်းလဲ မ၀င်နိုင်ပါ။
လမ်းမွှာ လမ်းကောက်
လမ်းတွေပျောက်လို့
ချောက်ထဲရောက်ရှာ
မှောင်ကမ္ဘာမှာ ယောင်ချာချာသာ
ခရီးသွားနေရရှာ
ဘယ်သောခါမှ လမ်းမှန်ရောက်နိုင်စွ။
တက္ကသိုလ်ဘုန်းကြွယ်
ဖေဖေါ်ဝါရီ ၁၃ ၂၀၁၂
(ဗိုလ်ချုပ်မွေးနေ့အကြို)
Sunday, January 29, 2012
Saturday, November 19, 2011
ကဗျာဆိုတာ.....
ကဗျာဆိုတာ.....
လူစဉ်းစားဥာဏ်ရဲ့ပဲ့တင်သံ
လူ့နှလုံးသားရဲ့ခုန်လှုပ်သံ
လူစိတ်ဓာတ်ရဲ့မြည်ဟီးသံ
လူ့မျှော်လင့်ချက်ရဲ့သီကျူးသံ
ကဗျာဆိုတာ......
ကျွန်မတို့ရဲ့ရုန်းကန်သံပါဘဲ။
ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ကဗျာ အောက်တိုဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှာ ဖတ်လိုက်ရလို့ ကြိုက်လို့တင်ထားတာပါ ... မျှဝေပါတယ် ဖတ်ကြည့်ကြပါဦး ....
လူစဉ်းစားဥာဏ်ရဲ့ပဲ့တင်သံ
လူ့နှလုံးသားရဲ့ခုန်လှုပ်သံ
လူစိတ်ဓာတ်ရဲ့မြည်ဟီးသံ
လူ့မျှော်လင့်ချက်ရဲ့သီကျူးသံ
ကဗျာဆိုတာ......
ကျွန်မတို့ရဲ့ရုန်းကန်သံပါဘဲ။
အောင်ဆန်းစုကြည်
မေမွန်ကျော်
Saturday, September 3, 2011
Saturday, August 20, 2011
Monday, June 27, 2011
Subscribe to:
Posts (Atom)

.jpg)
















